Happy Birthday

Happy Birthday
Present

Friday, May 31, 2013

ပရိသတ်ကိုမညာပါနဲ့ . . .

Pee Mak ရုပ်ရှင်ဇာတ်ကားကြည့်ပီးတော့ ကိုယ့်မြန်မာ့ရုပ်ရှင်က လက်ရှိ အသိပညာရှင်၊ အတက်ပညာရှင်၊ အနုပညာရှင်တွေရဲ့ ဖောလုံးတွေ၊ ပစ်လုံးတွေ၊ စကားကြီး စကားကျယ်တွေကို မသိချင်တော့သလို မြန်မာရုပ်ရှင်ကားတွေဆိုရင်လည်း ကြည့်ချင်စိတ်ကုန်သွားတယ်။ မြန်မာ့ရုပ်ရှင်၊ အနုပညာရှင်တွေက ပရိသတ်ကိုညာစားတယ်၊ လှည့်စားတယ်။ သူတို့ဆင်ချေက ပိုက်ဆံမလိုက်နိုင်လို့ကားကောင်းမရတာပါ၊ စက်ပစ္စည်းညံ့လို့ပါ၊ ဘာပြုလို့ ညာပြုလို့ပါဆိုပီး ကိုယ့်အနုပညာဝမ်းစာမမှီတာကိုတော့ ဘယ်တော့မှ ၀န်မခံဘူး။ ငါတို့မြန်မာမှာလည်းမြန်မာ့ ဓလေ့တွေ၊ မြန်မာ့ဇာတ်လမ်းတွေအများကြီးပဲ။ ခုကမင်းသားမင်းသမီးပေါင်း တစ်ကားဆိုအနည်းဆုံး10 ယောက်။ ဒါတောင် ဟာလ၀ါ ဇာတ်ကားပဲထွက်တယ်။ ဒီတော့ တောင်းပန်ပါတယ်ဗျာ ပရိသတ်ကိုမညာပါနဲ့လို့။ ခင်ဗျားတို့တွေညာခဲ့တာများပီပဲဗျာ။ ဒါကြောင့်လဲ ဇာတ်ကားကောင်းတွေမရှိတာပေါ့။ ခုတော့ အနုပညာကိုဗန်းပြပြီး ခင်ဗျားတို့ပဲ ကြီးပွားသွားတယ်။ ပရိသတ်တွေက ဘာမှ မရခဲ့ဘူး။ အသိ၊ မှတ်သားစရာ၊ ဖျော်ဖြေမှု ဘာတစ်ခုဆို ဘာတစ်ခုမှ မရခဲ့တာ ကြာပီ။ တောင်းပန်ပါတယ် ပရိသတ်ကိုမညာကြပါနဲ့။ မလှည့်စားကြပါနဲ့တော့။

(ရေး=သံတံခါး)