Happy Birthday

Happy Birthday
Present

Friday, June 21, 2013

မြန်မာနိုင်ငံ ဒလမြို့ ကိုရီးယားနိုင်ငံ ဂန်းနန်းမြို့လိုဖြစ်တော့မလား

ဒလအား ကိုရီးယားဂန်းနန်းမြို့တော်ဖြစ်စေမည့် တောင်ကိုရီးယား
တောင်ကိုရီးယားနိုင်ငံသည် ရန်ကုန်မြို့၏တောင်ဘက်ပိုင်းဒေသများ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပြီး အရှေ့တောင်အာရှအဆင့်မှီမြို့အဖြစ် တည်ဆောက်ရန်အတွက် ကူညီမည်ဖြစ်ကြောင်း တောင်ကိုးရီးယား၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားလိုက်သည်။
ရန်ကုန်မြို့တွင် နိုင်ငံ၏အရေးပါဆုံးသော စီးပွားရေးအဆောက်အအုံများစွာရှိသော်လည်း ရန်ကုန်တောင်ဘက်ပိုင်းရှိဒလမြို့နယ်တွင် ဖွံ့ဖြိုးတိုးတက်မှုမရှိသေးကြောင်း၊ရန်ကုန်မြစ် အနောက်တောင်ဘက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအထူးစီမံကိန်းများရေးဆွဲကာ တောင်ကိုရီးယား company များမှ ထိုဖွံ့ဖြိုးတိုးတေက်ရေးစီမံကိန်းများတွင် ပါဝင်ကူညီနိုင်မည်ဖြစ်ကြောင်း တောင်ကိုးရီးယား၏ပြောရေးဆိုခွင့်ရှိသူမှပြောကြားသည်။
ယင်းကူညီမှုအတွက် မြန်မာအစိုးရ၏ အပြုသဘောဆောင်သော ကမ်းလှမ်းချက်ကို တောင်ကိုးရီးယားမှ လက်ခံရရှိထားကြောင်းသိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအပါအ၀င် အခြေခံအဆောက်အဦများ၊ စွမ်းအင်ကဏ္ဍ၊ ရင်နှီးမြှုပ်နှံမှု၊ ငွေကြေးကဏ္ဍ စသည့် ကဏ္ဍပေါင်းစုံအတွက်ပူးပေါင်းဆောင်ရွက်ရွက်ရန်အတွက် နှစ်ဦးနှစ်ဖက်အတိအလင်းကြေညာထားခဲ့ပြီးဖြစ်သည်။
တောင်ကိုရီးယားပြောရေးဆိုခွင့်ရှိသူအဆိုအရရန်ကုန်မြစ်တောင်ဘက်ပိုင်းကို စီးပွားရေးအချက်အချာကျနေရာတစ်ခုအဖြစ်တည်ဆောက်ပြီး ဒလမြို့ဘက်တွင် တောင်ကိုရီးယားစက်ရုံများထားရှိရန် မြန်မာအစိုးရထံအဆိုပြုထားပြီးဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသည် သမ္မတဦးသိန်းစိန်အာဏာလွှဲပြောင်းရယူခဲ့သည့် 2011 ခုနှစ်မှစ၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများအားအားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့သဘာဝဓာတ်ငွေ့ပမာဏမှာ ကိုရီးယားကျွန်းဆွယ်၏ သုံးဆခန့်ရှိပြီး သံရိုင်း၊ သတ္ထု၊ နီကယ်၊နှင့် အခြားသော ဓာတ်သတ္ထုသယံဇာတများကြွယ်ဝသောနိုင်ငံဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသည် ယင်းနိုင်ငံရှိ ဟန်မြစ်တောင်ဘက်ပိုင်းအား ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်၍ မြို့တော်ဆိုးလ်နှင့်ချိတ်ဆက်ကာ အာရှ၏ စတုတ္ထမြောက်စီးပွားရေး အင်အားကြီးနိုင်ငံအဖြစ်တည်ဆောက်ခဲ့သည်။ ယင်းမြို့တော်မှာ ဂန်းနန်းမြို့တော်ဖြစ်သည်။
တောင်ကိုးရီးယားသည် ရန်ကုန်မြစ်ပေါ်တွင် ကိုးရီးယား-မြန်မာချစ်ကြည်ရေးတံတား တည်ဆောက်ပြီး ဒလတွင် လူနေတိုက်ခန်းများ၊ စီးပွားရေးအဆောက်အအုံများ၊ စက်ရုံများ စသည့် အခြေခံအဆောက်အအုံများထည့်သွင်းဆောက်လုပ်ရန် စီစဉ်ထားရှိကြောင်းသိရသည်။
တောင်ကိုးရီးယား၏ယင်းစီမံကိန်းသည် ကိုရီးယား-မြန်မာနှစ်နိုင်ငံလုံးအကျိုးရှိမည်ဖြစ်ပြီး ကိုရီးယားကုမ်ပဏီများအနေဖြင့် လူနေတိုက်ခန်းများ၊ စီးပွားရေးအဆောက်အအုံများ၊ စက်ရုံများ အပါအ၀င် အခြေခံအဆောက်အအုံများအားဖွံ့ဖဖြိုးတိုးတက်ရန် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
တောင်ကိုးရီးယား၏ယင်းစီမံကိန်းသည် ကိုရီးယား-မြန်မာနှစ်နိုင်ငံလုံးအကျိုးရှိမည်ဖြစ်ပြီး ကိုရီးယားကုမ်ပဏီများအနေဖြင့် လူနေတိုက်ခန်းများ၊ စီးပွားရေးအဆောက်အအုံများ၊ စက်ရုံများ အပါအ၀င် အခြေခံအဆောက်အအုံများအားဖွံ့ဖဖြိုးတိုးတက်ရန် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
(သံတံခါး)
Ref: Yonhap News Agency

Monday, June 3, 2013

ဒီမိုကရေစီခေတ်နှင့်သတင်းအရေးပါလာပုံ

(ကိုသန့်)

ရှည်လျားထွေပြားလှသည့်လောကကြီးဝယ် မသိဖူး မမြင်ဖူး နားမလည်ဖူးဆို၍မရတော့ပါ။ ဥပဒေ၊ အမိန့်၊ သမိုင်း၊ ထုတ်ပြန်ချက်များသည်လည်းအလကားမဟုတ် ခေတ်ရဲ့ပြုပြင်မှုများကို ရှေ့ပြေးနေသော အချက်ပြများသာဖြစ်သည်။ ထို့ကြောင့် မသိတာမရှိတာထက်ခက်တယ်လို့ရှေ့စကားပုံများကြားဖူးပေမည်။ အရာအားလုံးကို မှတ်စရာဖတ်စရာမလို၊ မိမိတို့နှင့်သက်ဆိုင်ရာ ကိစ္စရပ်များကို သိရှိနိုင်ရန် ယနေ့ မီဒီယာများဖြစ်သည့်အက်အမ်ရေဒီယိုများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ အင်တာနက်သတင်းများ၊ တီဗွီသတင်းများကို အချိန်ပေးနားစဉ်ခြင်း၊ ဖတ်ကြားခြင်း၊
မှတ်သားခြင်းများပြုလုပ်နေရမည်။ Information Age ဟုဆိုသည့်ခေတ်ကြီးတွင် မိမိနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ခေတ်နှင့်အမှီ မိမိသတင်းစာအသက် တစ်မနက်ဟုတချို့က ဆိုကြသည်။ တချို့ကတော့ တသက်လုံးသိမ်းဆည်းထားကြသည် တချို့က မိမိနှင့်ဆိုင်သည့် အကြောင်းအရာ
သတင်းများကို သိမ်းထားကြပြီး တချို့ကတော့ ဘာသတင်းကိုမှ စိတ်ဝင်မစား နေချင်သလိုနေကြပေသည်။ ဥပမာ စာဖတ်ပြင်းကမိမိနောက်ကျကျန်နေမည်ဟု ဦးဇာဂနာက အမေရိက ခရီးစဉ်မှ ပြန်လာပြီးနောက် အနောက်နိုင်ငံသားတို့သည်စာဖတ်အားကောင်းသူများဖြစ်၍သူတို့နိုင်ငံတိုးတက်နေခြင်းဖြစ်ကြောင်း ပြောကြားသွားဖူးသည်။ သိသူဖော်စား မသိသူကျော်သွားဆိုသည့် ဆောင်ပုဒ်မှာလည်း စာဖတ်ခြင်း၊
လေ့လာမှတ်သားခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ယနေ့ ခေတ်မီသောသတင်းမီဒီယာ၊ အင်တာနက်သတင်းမီဒီယာများ၏ အကျိုးရှိပုံကို ဒေါက်တာ ခင်မောင်ညို က MRTV 4 (၂-၆-၂၀၁၃)ရက်နေ့ည သတင်းဆွေးနွေးခန်းအစီအစဉ် တစ်ခုတွင်ဆွေးနွေးသွားခဲ့သည်။
ဗာဟုသိပ္ပဉ္စ၊ ၀ိနယောစ သုသက္ခိတော၊ သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂမုတ္တမံ ဟု မြတ်စွာဘုရားက မင်္ဂလာသုတ်တော်တွင်မင်္ဂလာ(၁၂)ထဲမှအသိပညာများခြင်းသည်မင်္ဂလာတစ်ပါးဖြစ်ကြောင်း ဟောကြားထားသည်။

Sunday, June 2, 2013

(Golden Pen of Freedom)ဆုကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ရရှိ

ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအဖွဲ့အစည်းကပေးအပ်သော ရွှေကလောင်ဆုကို Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်ရှိကြောင်း ၄င်းEleven Website၏ ဖော်ပြချက်အရသိရသည်။
သတင်းလွတ်လပ်ခွင့်ရရှိအရေးအတွက် ကြိုးပမ်းဆောင်ရွက်သူများကို ပေးအပ်သောဆုဖြစ်သည်၊။ ထိုဆုကိုမြန်မာနိုင်ငံက ဂျာနယ်လစ်များ ယခင်ကလည်းရရှိခဲ့ဖူပြီး ပထမဆုံးရရှိခဲ့သူမှာ ဂါးဒီးယန်းဦးစိန်ဝင်းဖြစ်သည်။
ဒေါက်တာသန်းထွဋ်အောင်သည် ယခင်နေ့စဉ်သတင်းစာထုတ်ဝေခွင့်မရရှိခင် စာနယ်ဇင်းလွတ်လပ်ခွင့် မရရှိခင်ကတည်းက အစိုးရအပေါ် သတင်းစာသမားပီသစွာ ဝေဖန်ထောက်ပြမှုများရှိခဲ့သည်။ 
ဒေါက်တာသန်းထွဋ်အောင် ဦးစီးတည်ထောင်ထုတ်ဝေလျှက်ရှိသည့် Eleven Daily သတင်းစာ၏ အယ်ဒီတာ့အာဘော်ဝေဖန် ရေးသားမှုများကြောင့် အစိုးရပိုင်း၏ စောင့်ကြည့်ခြင်းများခံနေရသည်။
Eleven Media Groupသည်၂၀၁၁ကလည်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပေးအပ်သော တစ်နှစ်တာအတွက် အကောင်းဆုံး သတင်းမီဒီယာဆုကို ရရှိခဲ့ဖူးသည်။
ရွှေကလောင်ဆု


Friday, May 31, 2013

ပရိသတ်ကိုမညာပါနဲ့ . . .

Pee Mak ရုပ်ရှင်ဇာတ်ကားကြည့်ပီးတော့ ကိုယ့်မြန်မာ့ရုပ်ရှင်က လက်ရှိ အသိပညာရှင်၊ အတက်ပညာရှင်၊ အနုပညာရှင်တွေရဲ့ ဖောလုံးတွေ၊ ပစ်လုံးတွေ၊ စကားကြီး စကားကျယ်တွေကို မသိချင်တော့သလို မြန်မာရုပ်ရှင်ကားတွေဆိုရင်လည်း ကြည့်ချင်စိတ်ကုန်သွားတယ်။ မြန်မာ့ရုပ်ရှင်၊ အနုပညာရှင်တွေက ပရိသတ်ကိုညာစားတယ်၊ လှည့်စားတယ်။ သူတို့ဆင်ချေက ပိုက်ဆံမလိုက်နိုင်လို့ကားကောင်းမရတာပါ၊ စက်ပစ္စည်းညံ့လို့ပါ၊ ဘာပြုလို့ ညာပြုလို့ပါဆိုပီး ကိုယ့်အနုပညာဝမ်းစာမမှီတာကိုတော့ ဘယ်တော့မှ ၀န်မခံဘူး။ ငါတို့မြန်မာမှာလည်းမြန်မာ့ ဓလေ့တွေ၊ မြန်မာ့ဇာတ်လမ်းတွေအများကြီးပဲ။ ခုကမင်းသားမင်းသမီးပေါင်း တစ်ကားဆိုအနည်းဆုံး10 ယောက်။ ဒါတောင် ဟာလ၀ါ ဇာတ်ကားပဲထွက်တယ်။ ဒီတော့ တောင်းပန်ပါတယ်ဗျာ ပရိသတ်ကိုမညာပါနဲ့လို့။ ခင်ဗျားတို့တွေညာခဲ့တာများပီပဲဗျာ။ ဒါကြောင့်လဲ ဇာတ်ကားကောင်းတွေမရှိတာပေါ့။ ခုတော့ အနုပညာကိုဗန်းပြပြီး ခင်ဗျားတို့ပဲ ကြီးပွားသွားတယ်။ ပရိသတ်တွေက ဘာမှ မရခဲ့ဘူး။ အသိ၊ မှတ်သားစရာ၊ ဖျော်ဖြေမှု ဘာတစ်ခုဆို ဘာတစ်ခုမှ မရခဲ့တာ ကြာပီ။ တောင်းပန်ပါတယ် ပရိသတ်ကိုမညာကြပါနဲ့။ မလှည့်စားကြပါနဲ့တော့။

(ရေး=သံတံခါး)