Happy Birthday

Happy Birthday
Present

Friday, June 21, 2013

မြန်မာနိုင်ငံ ဒလမြို့ ကိုရီးယားနိုင်ငံ ဂန်းနန်းမြို့လိုဖြစ်တော့မလား

ဒလအား ကိုရီးယားဂန်းနန်းမြို့တော်ဖြစ်စေမည့် တောင်ကိုရီးယား
တောင်ကိုရီးယားနိုင်ငံသည် ရန်ကုန်မြို့၏တောင်ဘက်ပိုင်းဒေသများ ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပြီး အရှေ့တောင်အာရှအဆင့်မှီမြို့အဖြစ် တည်ဆောက်ရန်အတွက် ကူညီမည်ဖြစ်ကြောင်း တောင်ကိုးရီးယား၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားလိုက်သည်။
ရန်ကုန်မြို့တွင် နိုင်ငံ၏အရေးပါဆုံးသော စီးပွားရေးအဆောက်အအုံများစွာရှိသော်လည်း ရန်ကုန်တောင်ဘက်ပိုင်းရှိဒလမြို့နယ်တွင် ဖွံ့ဖြိုးတိုးတက်မှုမရှိသေးကြောင်း၊ရန်ကုန်မြစ် အနောက်တောင်ဘက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအထူးစီမံကိန်းများရေးဆွဲကာ တောင်ကိုရီးယား company များမှ ထိုဖွံ့ဖြိုးတိုးတေက်ရေးစီမံကိန်းများတွင် ပါဝင်ကူညီနိုင်မည်ဖြစ်ကြောင်း တောင်ကိုးရီးယား၏ပြောရေးဆိုခွင့်ရှိသူမှပြောကြားသည်။
ယင်းကူညီမှုအတွက် မြန်မာအစိုးရ၏ အပြုသဘောဆောင်သော ကမ်းလှမ်းချက်ကို တောင်ကိုးရီးယားမှ လက်ခံရရှိထားကြောင်းသိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအပါအ၀င် အခြေခံအဆောက်အဦများ၊ စွမ်းအင်ကဏ္ဍ၊ ရင်နှီးမြှုပ်နှံမှု၊ ငွေကြေးကဏ္ဍ စသည့် ကဏ္ဍပေါင်းစုံအတွက်ပူးပေါင်းဆောင်ရွက်ရွက်ရန်အတွက် နှစ်ဦးနှစ်ဖက်အတိအလင်းကြေညာထားခဲ့ပြီးဖြစ်သည်။
တောင်ကိုရီးယားပြောရေးဆိုခွင့်ရှိသူအဆိုအရရန်ကုန်မြစ်တောင်ဘက်ပိုင်းကို စီးပွားရေးအချက်အချာကျနေရာတစ်ခုအဖြစ်တည်ဆောက်ပြီး ဒလမြို့ဘက်တွင် တောင်ကိုရီးယားစက်ရုံများထားရှိရန် မြန်မာအစိုးရထံအဆိုပြုထားပြီးဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသည် သမ္မတဦးသိန်းစိန်အာဏာလွှဲပြောင်းရယူခဲ့သည့် 2011 ခုနှစ်မှစ၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများအားအားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့သဘာဝဓာတ်ငွေ့ပမာဏမှာ ကိုရီးယားကျွန်းဆွယ်၏ သုံးဆခန့်ရှိပြီး သံရိုင်း၊ သတ္ထု၊ နီကယ်၊နှင့် အခြားသော ဓာတ်သတ္ထုသယံဇာတများကြွယ်ဝသောနိုင်ငံဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသည် ယင်းနိုင်ငံရှိ ဟန်မြစ်တောင်ဘက်ပိုင်းအား ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်၍ မြို့တော်ဆိုးလ်နှင့်ချိတ်ဆက်ကာ အာရှ၏ စတုတ္ထမြောက်စီးပွားရေး အင်အားကြီးနိုင်ငံအဖြစ်တည်ဆောက်ခဲ့သည်။ ယင်းမြို့တော်မှာ ဂန်းနန်းမြို့တော်ဖြစ်သည်။
တောင်ကိုးရီးယားသည် ရန်ကုန်မြစ်ပေါ်တွင် ကိုးရီးယား-မြန်မာချစ်ကြည်ရေးတံတား တည်ဆောက်ပြီး ဒလတွင် လူနေတိုက်ခန်းများ၊ စီးပွားရေးအဆောက်အအုံများ၊ စက်ရုံများ စသည့် အခြေခံအဆောက်အအုံများထည့်သွင်းဆောက်လုပ်ရန် စီစဉ်ထားရှိကြောင်းသိရသည်။
တောင်ကိုးရီးယား၏ယင်းစီမံကိန်းသည် ကိုရီးယား-မြန်မာနှစ်နိုင်ငံလုံးအကျိုးရှိမည်ဖြစ်ပြီး ကိုရီးယားကုမ်ပဏီများအနေဖြင့် လူနေတိုက်ခန်းများ၊ စီးပွားရေးအဆောက်အအုံများ၊ စက်ရုံများ အပါအ၀င် အခြေခံအဆောက်အအုံများအားဖွံ့ဖဖြိုးတိုးတက်ရန် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
တောင်ကိုးရီးယား၏ယင်းစီမံကိန်းသည် ကိုရီးယား-မြန်မာနှစ်နိုင်ငံလုံးအကျိုးရှိမည်ဖြစ်ပြီး ကိုရီးယားကုမ်ပဏီများအနေဖြင့် လူနေတိုက်ခန်းများ၊ စီးပွားရေးအဆောက်အအုံများ၊ စက်ရုံများ အပါအ၀င် အခြေခံအဆောက်အအုံများအားဖွံ့ဖဖြိုးတိုးတက်ရန် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
(သံတံခါး)
Ref: Yonhap News Agency

No comments:

Post a Comment