Happy Birthday

Happy Birthday
Present

Monday, June 3, 2013

ဒီမိုကရေစီခေတ်နှင့်သတင်းအရေးပါလာပုံ

(ကိုသန့်)

ရှည်လျားထွေပြားလှသည့်လောကကြီးဝယ် မသိဖူး မမြင်ဖူး နားမလည်ဖူးဆို၍မရတော့ပါ။ ဥပဒေ၊ အမိန့်၊ သမိုင်း၊ ထုတ်ပြန်ချက်များသည်လည်းအလကားမဟုတ် ခေတ်ရဲ့ပြုပြင်မှုများကို ရှေ့ပြေးနေသော အချက်ပြများသာဖြစ်သည်။ ထို့ကြောင့် မသိတာမရှိတာထက်ခက်တယ်လို့ရှေ့စကားပုံများကြားဖူးပေမည်။ အရာအားလုံးကို မှတ်စရာဖတ်စရာမလို၊ မိမိတို့နှင့်သက်ဆိုင်ရာ ကိစ္စရပ်များကို သိရှိနိုင်ရန် ယနေ့ မီဒီယာများဖြစ်သည့်အက်အမ်ရေဒီယိုများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ အင်တာနက်သတင်းများ၊ တီဗွီသတင်းများကို အချိန်ပေးနားစဉ်ခြင်း၊ ဖတ်ကြားခြင်း၊
မှတ်သားခြင်းများပြုလုပ်နေရမည်။ Information Age ဟုဆိုသည့်ခေတ်ကြီးတွင် မိမိနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ခေတ်နှင့်အမှီ မိမိသတင်းစာအသက် တစ်မနက်ဟုတချို့က ဆိုကြသည်။ တချို့ကတော့ တသက်လုံးသိမ်းဆည်းထားကြသည် တချို့က မိမိနှင့်ဆိုင်သည့် အကြောင်းအရာ
သတင်းများကို သိမ်းထားကြပြီး တချို့ကတော့ ဘာသတင်းကိုမှ စိတ်ဝင်မစား နေချင်သလိုနေကြပေသည်။ ဥပမာ စာဖတ်ပြင်းကမိမိနောက်ကျကျန်နေမည်ဟု ဦးဇာဂနာက အမေရိက ခရီးစဉ်မှ ပြန်လာပြီးနောက် အနောက်နိုင်ငံသားတို့သည်စာဖတ်အားကောင်းသူများဖြစ်၍သူတို့နိုင်ငံတိုးတက်နေခြင်းဖြစ်ကြောင်း ပြောကြားသွားဖူးသည်။ သိသူဖော်စား မသိသူကျော်သွားဆိုသည့် ဆောင်ပုဒ်မှာလည်း စာဖတ်ခြင်း၊
လေ့လာမှတ်သားခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ယနေ့ ခေတ်မီသောသတင်းမီဒီယာ၊ အင်တာနက်သတင်းမီဒီယာများ၏ အကျိုးရှိပုံကို ဒေါက်တာ ခင်မောင်ညို က MRTV 4 (၂-၆-၂၀၁၃)ရက်နေ့ည သတင်းဆွေးနွေးခန်းအစီအစဉ် တစ်ခုတွင်ဆွေးနွေးသွားခဲ့သည်။
ဗာဟုသိပ္ပဉ္စ၊ ၀ိနယောစ သုသက္ခိတော၊ သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂမုတ္တမံ ဟု မြတ်စွာဘုရားက မင်္ဂလာသုတ်တော်တွင်မင်္ဂလာ(၁၂)ထဲမှအသိပညာများခြင်းသည်မင်္ဂလာတစ်ပါးဖြစ်ကြောင်း ဟောကြားထားသည်။

No comments:

Post a Comment