Happy Birthday

Happy Birthday
Present

Sunday, June 2, 2013

(Golden Pen of Freedom)ဆုကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ရရှိ

ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအဖွဲ့အစည်းကပေးအပ်သော ရွှေကလောင်ဆုကို Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်ရှိကြောင်း ၄င်းEleven Website၏ ဖော်ပြချက်အရသိရသည်။
သတင်းလွတ်လပ်ခွင့်ရရှိအရေးအတွက် ကြိုးပမ်းဆောင်ရွက်သူများကို ပေးအပ်သောဆုဖြစ်သည်၊။ ထိုဆုကိုမြန်မာနိုင်ငံက ဂျာနယ်လစ်များ ယခင်ကလည်းရရှိခဲ့ဖူပြီး ပထမဆုံးရရှိခဲ့သူမှာ ဂါးဒီးယန်းဦးစိန်ဝင်းဖြစ်သည်။
ဒေါက်တာသန်းထွဋ်အောင်သည် ယခင်နေ့စဉ်သတင်းစာထုတ်ဝေခွင့်မရရှိခင် စာနယ်ဇင်းလွတ်လပ်ခွင့် မရရှိခင်ကတည်းက အစိုးရအပေါ် သတင်းစာသမားပီသစွာ ဝေဖန်ထောက်ပြမှုများရှိခဲ့သည်။ 
ဒေါက်တာသန်းထွဋ်အောင် ဦးစီးတည်ထောင်ထုတ်ဝေလျှက်ရှိသည့် Eleven Daily သတင်းစာ၏ အယ်ဒီတာ့အာဘော်ဝေဖန် ရေးသားမှုများကြောင့် အစိုးရပိုင်း၏ စောင့်ကြည့်ခြင်းများခံနေရသည်။
Eleven Media Groupသည်၂၀၁၁ကလည်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပေးအပ်သော တစ်နှစ်တာအတွက် အကောင်းဆုံး သတင်းမီဒီယာဆုကို ရရှိခဲ့ဖူးသည်။
ရွှေကလောင်ဆု


No comments:

Post a Comment